ANNOUNCEMENTS
အကျိုးတော်ဆောင်အဖွဲ့ ကြေညာချက်များ
အကျိုးတော်ဆောင်အဖွဲ့ ကြေညာချက်များ
🙏 🙏 🙏
🌼ဓမ္မမာမကသာသနာ့ရိပ်သာ အာဒိကမ္မိက ပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ဣန္ဒကနှင့်
🌼ကော့ကူးဆရာတော် ဘဒ္ဒန္တ တေဇိန္ဒ၊
🌼မိဇံတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ တို့၏
☘️ပြည်ပသာသနာပြုခရီးစဉ်အဖြစ် (၂၁-၆-၂၀၂၄)ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ကြွရောက်တော်မူကြပါမည်။
☘️ပထမနေ့ဓမ္မသဘင်အဖြစ် (၂၃-၆-၂၀၂၄)ရက်နေ့ တွင် (စွဲ၄) ခေါင်း(၄) အံဖုံခေါင်းလွန်ဒေသတွင် ဟောကြားတော်မူပါမည်။
☘️ဆက်လက်ကျင်းပမည့် ဓမ္မသဘင်နေ့ရက်နှင့် နေရာများကိုလည်း ထပ်မံကြေငြာပေးသွားပါမည်။
(၁၂-၄-၂၀၂၄ မှ ၂၀-၄-၂၀၂၄ အထိ)
ဓမ္မမာမကသာသနာ့ရိပ်သာ၏ သင်္ကြန်တွင်းအထူးတရားစခန်းပွဲအား
အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။
တရားစခန်းစတင်မည့်ရက်
၁၃၈၅ခု၊ နှောင်းတန်ခူးလဆန်း (၄)ရက်၊
၁၂-၄-၂၀၂၄ (သောကြာနေ့) ညနေ(၄)နာရီ၊ ယောဂီများ ရိပ်သာစတင်ဝင်ရောက်ရပါမည်။
တရားစခန်းပြီးဆုံးမည့်ရက်
၁၃၈၆ခု၊ တန်ခူးလဆန်း (၁၂)ရက်၊
၂၀-၄-၂၀၂၄ (စနေနေ့) (နံနက်)။
ယောဂီစာရင်းစတင်လက်ခံမည့်ရက် (၁၀-၃-၂၀၂၄)၊
(ဆွမ်းစားရိတ်အတွက် ယောဂီတစ်ဦးလျှင် ၁၅၀၀၀/-ကျပ်နှုန်း လှူဒါန်းနိုင်ပါသည်။)
ယောဂီများကိုယ်တိုင် ဓမ္မမာမကသာသနာ့ရိပ်သာရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်၊
(သို့မဟုတ်)
KBZ Pay Account 095068103 (U Kyaw Swar Myint) သို့ ငွေလွှဲလှူဒါန်းပြီး၊ Viber No; 09 5068103 သို့ ယောဂီအမည်၊ အဘအမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ် စသည့်အချက်အလက်များအား ငွေလွှဲမှတ်တမ်းနှင့်အတူ ပေးပို့ပြီး onlineမှ စာရင်းသွင်းနိုင်ပါသည်။
စာရင်းသွင်းပြီးကြောင်းမှတ်တမ်းအား Viberမှ ပြန်လည်ပေးပို့သွားပါမည်။
တရားစခန်းဝင်ရောက်မည့်ယောဂီများသည် မှတ်ပုံတင်မိတ္တူနှင့် မိမိတို့၏တကိုယ်ရည်သုံးပစ္စည်းများ ယူဆောင်လာရပါမည်။
(အကျိုးတော်ဆောင်အဖွဲ့ ဓမ္မမာမကသာသနာ့ရိပ်သာ)
သင်္ကြန်တွင်းတရားစခန်းဝင်မည့်ယောဂီများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ရိပ်သာအတွင်းရှိအဆောင်များအား
ရေလိုင်း၊ မီးလိုင်းများ ပြုပြင်စစ်ဆေးခြင်း၊ သန့်ရှင်းရေးလုပ်ဆောင်ခြင်းများအား ရိပ်သာမှ ကြိုတင်ဆောင်ရွက်လျက်ရှိပါသည်။
ယောဂီများလုံလောက်စွာနေထိုင်နိုင်ရေးအတွက် အဆောင်နေရာချထားမှုများအား ကြိုတင်ဆောင်ရွက်မည်ဖြစ်ပါသဖြင့်
မိမိတို့လှူဒါန်းထားသည့်အဆောင်များတွင် အဆောင်အလှူရှင်များကိုယ်တိုင် သင်္ကြန်တွင်းတရားစခန်းဝင်ရောက်လိုပါက
(၂၀၂၄ခုနှစ်၊ မတ်လ ၃၁ရက်)မတိုင်မီရိပ်သာသို့ဆက်သွယ်၍ စာရင်းပေး၊ အကြောင်းကြားရန်လိုအပ်ပါကြောင်း
လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။
အကျိုးတော်ဆောင်အဖွဲ့ (ဓမ္မမာမကသာသနာ့ရိပ်သာ)
ဓမ္မမာမကသာသနာ့ရိပ်သာ၊ အာဒိကမ္မိက ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တဣန္ဒက (အဂ္ဂမဟာကမ္မဌာနာစရိယ) အရှင်သူမြတ်က ဦးစီး၍ အနန္တသုခစေတီတော်၊ ဓမ္မမာကမဟာစည်သာသနာ့ရိပ်သာ၏ စတုတ္ထအကြိမ်မြောက် (၇)ရက်တရားစခန်းပွဲအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။
တရားစခန်းကျင်းပမည့်နေရာ
အနန္တသုခစေတီတော်၊ ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာ၊ မိဇံခွင်၊ ဘားအံစက်မှုဇုန်၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်။
တရားစခန်းစတင်မည့်ရက်
၁၃၈၅ခု၊ တပေါင်းလဆုတ်(၈)ရက်၊
၁-၄-၂၀၂၄ (တနင်္လာနေ့)၊ ညနေ (၄)နာရီအရောက် ယောဂီများ တရားစခန်းစတင်ဝင်ရောက်ရပါမည်။
(ယောဂီဦးရေကန့်သတ်ထားပါသည်။)
တရားစခန်းသိမ်းမည့်နေ့
၁၃၈၅ခု၊ တပေါင်းလကွယ်နေ့၊
၈-၄-၂၀၂၄ (တနင်္လာနေ့)၊ နေ့လည်အချိန် တရားစခန်းသိမ်းပါမည်။
တရားအားထုတ်လိုသည့် အမျိုးသား/အမျိုးသမီး ယောဂီများအနေဖြင့် မိမိတို့၏တကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းများနှင့် အိပ်ယာလိပ်ယူဆောင်ပြီး (၁-၄-၂၀၂၄) ညနေ (၄)နာရီအရောက် အနန္တသုခစေတီတော်သို့ကြွရောက်နိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အကျိုးတော်ဆောင်အဖွဲ့
အနန္တသုခစေတီတော်၊ ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာ၊
ဆက်သွယ်ရန်ဖုန်း-
၀၉-၈၈၉-၀၁၀-၀၉၉
၀၉-၇၉၁-၅၈၄-၀၉၀
၀၉-၄၄၃-၈၉၁-၉၃၉