ANANDATHUKHA PAGODA
အနန္တသုခစေတီတော်
(ဓမ္မမာမက မဟာစည်သာသနာ့ရိပ်သာ-ဘားအံ)
အနန္တသုခစေတီတော်
(ဓမ္မမာမက မဟာစည်သာသနာ့ရိပ်သာ-ဘားအံ)
ဓမ္မမာမကသာသနာ့ရိပ်သာ၊ အာဒိကမ္မိက ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တဣန္ဒက (အဂ္ဂမဟာကမ္မဌာနာစရိယ) အရှင်သူမြတ်က ဦးစီး၍ အနန္တသုခစေတီတော်၊ ဓမ္မမာကမဟာစည်သာသနာ့ရိပ်သာ၏ စတုတ္ထအကြိမ်မြောက် (၇)ရက်တရားစခန်းပွဲအား အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားပါမည်။
တရားစခန်းကျင်းပမည့်နေရာ
အနန္တသုခစေတီတော်၊ ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာ၊ မိဇံခွင်၊ ဘားအံစက်မှုဇုန်၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်။
တရားစခန်းစတင်မည့်ရက်
၁၃၈၅ခု၊ တပေါင်းလဆုတ်(၈)ရက်၊
၁-၄-၂၀၂၄ (တနင်္လာနေ့)၊ ညနေ (၄)နာရီအရောက် ယောဂီများ တရားစခန်းစတင်ဝင်ရောက်ရပါမည်။
(ယောဂီဦးရေကန့်သတ်ထားပါသည်။)
တရားစခန်းသိမ်းမည့်နေ့
၁၃၈၅ခု၊ တပေါင်းလကွယ်နေ့၊
၈-၄-၂၀၂၄ (တနင်္လာနေ့)၊ နေ့လည်အချိန် တရားစခန်းသိမ်းပါမည်။
တရားအားထုတ်လိုသည့် အမျိုးသား/အမျိုးသမီး ယောဂီများအနေဖြင့် မိမိတို့၏တကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းများနှင့် အိပ်ယာလိပ်ယူဆောင်ပြီး (၁-၄-၂၀၂၄) ညနေ (၄)နာရီအရောက် အနန္တသုခစေတီတော်သို့ကြွရောက်နိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
အကျိုးတော်ဆောင်အဖွဲ့
အနန္တသုခစေတီတော်၊ ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာ၊
ဆက်သွယ်ရန်ဖုန်း-
၀၉-၈၈၉-၀၁၀-၀၉၉
၀၉-၇၉၁-၅၈၄-၀၉၀
၀၉-၄၄၃-၈၉၁-၉၃၉
Googlemap လမ်းညွှန်ရယူရန် ပုံပေါ်တွင်(သို့မဟုတ်)အောက်ပါ link ကို နှိပ်ပါ
https://maps.app.goo.gl/d7QuBeN2Ey4B58dH6