ဓမ္မမာမကသာသနာ့ရိပ်သာ၊ အာဒိကမ္မိက ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဣန္ဒက (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)
🌼ဓမ္မမာမကဆရာတော် ဘဒ္ဒန္တဣန္ဒက ၏ ထေရုပ္ပတ္တိအကျဉ်း🌼
🌹ဆရာတော်သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဝင်းစိန်ကျေးရွာအုပ်စု၊ ဘုရားငုတ္တိုကျေးရွာ၊ ခမည်းတော် ဦးကျော်အုန်း + မယ်တော် ဒေါ်မူးနူးတို့မှ ၁၃၁၈ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၀)ရက်၊ (၃-၆-၁၉၅၆) တနင်္ဂနွေနေ့တွင် ဖွားမြင်သောသားရတနာဖြစ်ပါသည်။
၁၃၃၁ခုနှစ်၊ တပေါင်းလဆန်း (၁၂)ရက်၊ (၁၉-၃-၁၉၇၀) ကြာသာပတေးနေ့တွင် ဘုရားငုတ္တိုကျေးရွာကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
🌹၁၃၄၀ခုနှစ်၊ ကဆုန်လဆန်း(၁၄)ရက် (၂၀-၅-၁၉၇၈)စနေနေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်းရွာကျောင်း ခဏ္ဍသိမ်၌ ကော့ဝန်းကျောင်းဆရာတော် ဘဒ္ဒန္တပညာစာရကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါးတို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်။ ၁၂နှစ်သားအရွယ်မှစ၍ ဘုရားငုတ္တိုလ်ကျေးရွာကျောင်း၊ ဘားအံမြို့ မဲဘောင်ကျောင်းစာသင်တိုက်၊ မော်လမြိုင်မြို့ အရှေ့ကန့်ကော်ကျောင်းစာသင်တိုက်၊ ပဲခူးမြို့ မြို့မကျောင်းစာသင်တိုက်၊ ရန်ကုန်မြို့ အလုံမြို့နယ် ပါဠိတက္ကသိုလ် အောင်မင်္ဂလာကျောင်းစာသင်တိုက်များတို့၌ ပရိယတ္တိစာပေကျမ်းဂန်များကို သင်ယူခဲ့ပါသည်။
🌹၁၃၅၈ခုနှစ်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မဟာစည်ရိပ်သာကြီး၌ဝါဆို၍ ကြို့ပင်ကောက်ဆရာတော်ထံမှ ကမ္မဌာန်းနည်းပြဆရာ သင်တန်းကို လက်တွေ့အားထုတ်သင်ယူခဲ့ပါသည်။
🌹၁၃၅၉ခုနှစ်မှ ၁၃၆၅ခုနှစ်အထိ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သဒ္ဓမ္မရံသီရိပ်သာ၊ လှည်းကူးမြို့၊ အင်းတိုင်တပ်နယ်၊ သရက်ကုန်းကျေးရွာ ခိပ္ပါဘိညာ သဒ္ဓမ္မရံသီရိပ်သာ၊ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့ ဝိဝေကတောရ သဒ္ဓမ္မရံသီရိပ်သာများ၌ တရားဟော၊ တရားပြ ကမ္မဌာနာစရိယအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
🌹၁၃၆၄ခုနှစ်မှ ၁၃၆၇ခုနှစ်အထိ မိမိရဲ့ကျောင်းအစ်မ၊ ရဟန်းအစ်မကြီး ဟေဆွန်စညင်က ကိုရီးယားသမ္မတနိုင်ငံသို့ပင့်ဆောင်ခဲ့ပြီး ကိမ်ချမ်းမြို့၊ နန်းမြန်းဂျူးမြို့၊ ချန်နန်းမြို့၊ ဖူဆန်မြို့၊ ဒေဂူးမြို့၊ ဆိုးလ်မြို့ စသောမြို့များ၌ တရားဟော၊ တရားပြ ကမ္မဌာနာစရိယအဖြစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
🌹၁၃၆၄ ခုနှစ်(၂၀၀၃ခုနှစ်)တွင် ရဟန်းအစ်မ၊ ကျောင်းအစ်မကြီး ဟေဆွန်စညင် ၏ ရိပ်သာမြေဝယ်ယူရန်နှင့် အဆောက်အဦးအတွက်လိုအပ်သမျှအားလုံးကို တာဝန်ယူလှူဒါန်းငွေဖြင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ အာဇီဝကျောင်းလမ်းတွင် ဓမ္မမာမကသာသနာ့ရိပ်သာကို စတင်တည်ထောင်ပြီး ၁၃၆၈ခုနှစ်(၂၀၀၆ခုနှစ်)မှ ယနေ့အထိ တရားဟော၊ တရားပြ သာသနာပြုလုပ်ငန်းကြီးကို ဆက်လက်ဆောင်ရွက်တော်မူဆဲဖြစ်ပါသည်။
🌹Reverend Sayadaw Eindaka was born on July 3, 1956. His native is Phaya Ngoteto village, Win Sein village tract, Hlinebwe, Kayin State. His parents are U Kyaw Ohn and Daw Moo Noo. He is a Sunday-born. He became novice in 19-3-1970.
🌹On Sataurday 20-5-1978, he entered monkhood at Kantwin village, Kamautkachu village tract, Hlinebwe, Kayin State.
🌹He studied Buddha Dhama and literatre at Phaya Ngoteto monatery, Maebaung Religious school; Pa-an, Eastern Kantkaw Religious school; Mawlamyaing, Myoma Religious school; Bago, Pali University; Alone, Yangon, Aungmingalar Religious school; Yangon.
🌹In 1996, he kept lent at Mahasi Yeiktha and learnt Meditation subject from Reverend Sayadaw who was known as Gyobinkauk Sayadaw.
🌹From 1997 to 2003, he gave talks on Dhama and taught lessons on meditation at Saddhammaramsi Meditation center; Mayankon Township, Yangon, Indaing Saddhammaramsi; Hlegu Township, Nyaunglebin Saddhammaramsi; Bago Division. He worked as an instructor meditation.
🌹From 2002 to 2003 he went to Republic of Korea to preach sermons and gave instructions on Meditation. In Korea he went round the country to many towns such as Kimchan, Nan Myan Ju, Chan Nan, Fu San, Dae Gue and Seoul in Korea.
🌹Up to now, he presides at Dhama Marmaka Meditation Center, Kyunkalay village, Hlegu township, Yangon Division. He shows his disciples to practice Dhama and live with Dhama all the time.