Dhamma Marmaka Meditation Center
ဓမ္မမာမက သာသနာ့ရိပ်သာ
လှည်းကူးမြို့၊ ကျွန်းကလေးကျေးရွာ၊ အာဇီဝကျောင်းလမ်း၊ 09 783 143 364
ဓမ္မမာမက သာသနာ့ရိပ်သာ
လှည်းကူးမြို့၊ ကျွန်းကလေးကျေးရွာ၊ အာဇီဝကျောင်းလမ်း၊ 09 783 143 364
"ဆရာသမားရဲ့ခွင့်ပြုချက်နဲ့ တရားဘာဝနာတွေကို မကြာမကြာအားထုတ်ခွင့်ရလို့ သမာဓိတွေရသင့်သလောက်ရလာခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုအားမရသေးပဲ လိုနေသေးတယ်လို့ စိတ်ထဲမှာဖြစ်မိပါတယ်။ အဲဒီလိုနဲ့ကံကောင်းချင်တော့ ဆရာသမားရဲ့ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသို့ ဘုရားဖူးသွားခွင့်ကြုံလို့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာသို့ သွားရောက်လေ့လာခွင့်ရတဲ့အခါ တခါမှမတွေ့ဖူးတဲ့ ရဟန်းသံဃာနှင့် ယောဂီများရဲ့ အမှတ်သတိနဲ့သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံ၊ စားသောက်ပုံတွေကိုတွေ့မြင်လိုက်ရတော့ ရင်ထဲမှာပြောပြလို့ မရနိုင်လောက်အောင်အေးချမ်းသွားပါတယ်။ ငါလိုချင်တဲ့ အိုနာသေရေး ဆင်းရဲဘေးမှ လွတ်မြောက်ပြီး အအေးချမ်းဆုံးတရားဟာ ဒီနေရာမှာရနိုင်တယ်လို့ စိတ်ထဲမှာဖြစ်ပေါ်လာမိပါတယ်"
ဤမှတ်တမ်းအား ၂၀၁၈/၂၀၁၉ ခုနှစ်များက ကိုရီးယားနိုင်ငံ၏ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသခဲ့ပါသည်။ ကိုရီးယားပညာရှင်များကိုယ်တိုင် လာရောက်ရိုက်ကူး တည်းဖြတ်ခဲ့ကြပြီး ကောင်းကင်မှတ်တမ်းပုံရိပ်များအား "မြန်မာနိုင်ငံအဝေးထိန်းလေယာဉ် တည်ဆောက်ပျံသန်းသူများအဖွဲ့ - MRCBF"က ရိုက်ကူးပူဇော်ပေးခဲ့ခြင်းဖြစ်ပါသည်။
Dhamma Marmaka Sasana Yeiktha Documentary footage was taken by Korean Film Experts together with "Myanmar RC Plane Builders & Flyers" drone team for the aerial footage. The documentary footage was telecasted on Korea Television channels during 2018-2019.
ဓမ္မမာမကသာသနာ့ရိပ်သာ ကျွန်းကလေး(လှည်းကူးမြို့)နှင့်
ဘားအံ အနန္တသုခစေတီပရဝုဏ် မိုးလေဝသအခြေအနေများ
ဓမ္မမာမကရိပ်သာ-လှည်းကူး
ဘားအံ-အနန္တသုခစေတီ