RENOVATIONS
ပြုပြင်မွန်းမံခြင်းများ
ပြုပြင်မွန်းမံခြင်းများ
ဓမ္မမာမကသာသနာ့ရိပ်သာ၊ ဘေးကင်းရန်ကျော်စေတီတော်လှိုဏ်အတွင်း၌ ကိန်းဝပ်စံပယ်လျက်ရှိသော စကုရံမြတ်စွာဘုရားဆင်းတုတော်အား မန္တလေးတိုင်းမှ ဓမ္မမာမကသာသနာ့ရိပ်သာသို့ ပင့်ဆောင်တော်မူခဲ့စဉ် ဗီဒီယိုမှတ်တမ်း ဖြစ်ပါသည်။
အလျား ၁၅၀ပေxအနံ ၁၀၀ပေရှိ ကန်တော်ကြီးအား ကျောင်းစတင်တည်ဆောက်စဉ်မှစ၍ ထည့်သွင်းတည်ဆောက်ထားပါသည်။
မိုးရေနှင့် အဝီစိတွင်းရေများလည်း ထည့်သွင်းသိုလှောင်ထားပါသည်။ ကျောင်းတိုက်ဝန်းအတွင်းစိမ်းလန်းစိုပြေစေရေးအတွက် ရေများထုတ်ယူသုံးစွဲခြင်း၊ သင်္ကြန်တွင်းတရားစခန်းကာလ ယောဂီများအထူးများပြားချိန်တွင် ပူပြင်းသောကာလနှင့် တိုက်ဆိုင်လေ့ရှိသဖြင့် အဝီစိတွင်းရေများထွက်နှုန်းနည်းသည့်အချိန်တွင် သုံးရေအဖြစ်ထုတ်ယူသုံးစွဲခြင်း၊ ကျောင်းတိုက်အတွင်းနှင့် လှည်းကူးမြို့နယ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါကလည်း ဤကန်အတွင်းမှရေများ အလွယ်တကူစုပ်ယူအသုံးပြုနိုင်ရေးအတွက် ဆရာတော်က စီစဉ်တူးဖော်ထားခြင်းဖြစ်ပါသည်။
ယခုအခါနှစ်ပေါင်း ၂၀ခန့်သက်တမ်းရှိလာပြီဖြစ်ပါ၍ ကန်အောက်ခြေနိမ့်ဆင်း ပေါက်ပြဲချို့ယွင်းမှုများကြောင့် ရေသိုလှောင်နိုင်မှုနည်းပါးသွားခြင်းအား ဆရာတော်က သိန်းပေါင်း၁၅၀ကျော်အသုံးပြု၍ ပြန်လည်ပြင်ဆင်နေပြီဖြစ်ပါသည်။
ဘက်ပေါင်းစုံအသုံးပြုနေသည့် ဤကန်တော်ကြီးပြုပြင်ခြင်းလုပ်ငန်းများအတွက် ကံမြှင့်၊ ကံဆင့်ကုသိုလ်တော်အဖြစ် တက်အားသရွေ့ပါဝင်ကုသိုလ်ပြုလှူဒါန်းနိုင်ကြပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။